Carian terbaru

ရင်ထဲက မှတ်စု🍁

ရင်ထဲက မှတ်စု🍁

@inner_diary_

Mengikuti
13
Pengikut
9
Suka
202
Video
13

Turning feelings into words ခံစားချက်တွေကို စာသားအဖြစ် ပြောင်းလဲမယ်🎞️📜 ❗️love = 🔥

Ad

ချစ်တယ်လို့ ပြောတိုင်း အချစ်မဟုတ်ဘူးဆိုတာကို မင်းတကယ်ချစ်တဲ့သူက မင်းလို ပြန်ဆက်ဆံလာတဲ့အခါ ကိုယ်ဘာတွေဖြစ်နေလဲဆိုတာကို မင်း ကိုယ်ချင်းစာတတ်ပါလိမ့်မယ် #ရင်ထဲကမှတ်စု📝📝 #myanmarpoetry #loneliness #🖤🥀 #fyp
  • ▶ 130
  • ♥ 5
  • 💬 0
  • ↗ 0
  • ★ 0
အကယ်၍ ဝေးသွားခဲ့ရင် ..... ပြန်လှည့်ကြည့်စရာမလိုအောင် မင်းကိုချစ်ခဲ့ပြီးပြီမို့ မလွမ်းဘူးလားလို့မေးရင် ကိုယ် မညာချင်ပါဘူး သေချာပေါက်ကို လွမ်းပါတယ် ဒါပေမယ့် အဲ့ဒီအလွမ်းရဲ့ နောက်မှာ ငါတို့ဝေးသွားလေခြင်းဆိုတဲ့ နောင်တ တွေမရှိသလိုအချိန်ကို ... နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒတွေလည်း ရှိမနေခဲ့ဘူးဘာကြောင့်လည်းလို့ မေးရင် ကိုယ်က မင်းကို ပြည့်လှည့်ကြည့် စရာ မလိုတော့အောင် လုံလောက်တာထက် ပိုချစ်ပေးခဲ့တယ် မင်းလိုလူမျိုးနဲ့ ထိုက်တန်တာထက်ပိုချစ်ပေးခဲ့တယ်လေ လူသားတစ်ယောက်က သူ့ကိုတန်ဖိုးမထားတဲ့ နေရာမှာဘယ်လောက်အကြာကြီး ရပ်စောင့်နေနိုင်မှာမို့လို့လည်း တစ်ချို့လူတွေက မသိနားမလည်တာမဟုတ်ဘူး သူတို့မျှော်လင့်နေတဲ့လူမဟုတ်လို့ မင်းဖြစ်နေလို့ကို တမင်တကာမသိကျိုးကျွန်ပြုထားတာ .... သူတို့မျှော်လင့်နေတဲ့လူဆီကဆိုရင် နည်းနည်းလေးပေး လည်းအများကြီးမြင်တက် အသိမှတ်ပြုတက်ကြပေမယ့် သူတို့မလိုချင်တဲ့ လူဆီကဆိုရင် ဘယ်လောက်ပေးပေး မကျေနပ်နိုင်ကြတာမျိုးလေ ဒါကြောင့်... အပြန်အလှန်မှမဟုတ်ရင် ဘယ်သူ့ကိုမှ မချစ်ချင်တော့ ဘူး ကိုယ်ပေးရင် ပေးသလောက်ပြန်မရတောင် အသိမှတ်ပြုခံရတဲ့ နေရာ တန်ဖိုးထားခံရတဲ့နေရာမှာပဲနေ ချင်တယ် ငေးကြည့်ရတာမျှော်လင့်ရတာဆိုတာ သိပ် ပင်ပန်းတာ ကိုယ်လဲ အချစ်ခံချင်မိတာပေါ့... #ရင်ထဲကမှတ်စု📝📝 #crd #myanmarpoetry #loneliness #fyp
  • ▶ 183
  • ♥ 9
  • 💬 0
  • ↗ 0
  • ★ 0
သူ့ဆီက... 'ချစ်တယ်' ဆိုတဲ့ စကားကို ကျွန်တော် အကြိမ်ကြိမ် ကြားခဲ့ဖူးပါတယ် ဒါပေမဲ့... တကယ့်အချစ်တွေနဲ့ ဂရုစိုက်မှုတွေကိုတော့ ကျွန်တော်မဟုတ်တဲ့... တခြားသူတစ်ယောက်ကပဲ အမြဲတမ်း ပိုင်ဆိုင်သွားခဲ့ရတာ.... #ရင်ထဲကမှတ်စု📝📝 #myanmarpoetry #fyp #loneliness #🥀🖤
  • ▶ 398
  • ♥ 17
  • 💬 4
  • ↗ 0
  • ★ 0
မတော်လို့များ ကိုယ်တို့နှစ်ယောက်ဝေးခဲ့ရင် ကိုယ်ဘယ်သူ့ကိုမှ ထပ်ချစ်ဖြစ်မယ်မထင်တော့ဘူး ဘာလို့လဲဆို မင်းရဲ့ လုပ်ရပ်တွေကြောင့် ဒဏ်ရာရခဲ့တဲ့ နှလုံးသားလေးကို ပြန်ကုစားဖို့ အချိန်လေးရယ် "မင်းနဲ့ကိုယ်ဟာ ဘာမှမဆိုင်တော့ဘူး၊ မင်းလဲ မင်းဘဝနဲ့ မင်း အဆင်ပြေနေပီ" ဆိုတာကို သေချာလေးပြောပြဖို့အချိန် တွေ အများကြီးယူရမှာမို့ပါ😔😔😔........... #loneliness #ရင်ထဲကမှတ်စု📝📝 #myanmarpoetry #fyp #🖤🥀
  • ▶ 441
  • ♥ 24
  • 💬 0
  • ↗ 0
  • ★ 3
ချစ်ရင် မရွဲ့ပါနဲ့ ရွဲ့လို့ ဝေးသွားတဲ့အခါ တစ်သတ်လုံးပဲဆိုတာကို.... "သို့ မောင်" ဆိုတဲ့ ဇာတ်ကားလေးက သက်သေပဲ #ရင်ထဲကမှတ်စု📝📝 #loneliness #myanmarpoetry #fyp #crd
  • ▶ 639
  • ♥ 14
  • 💬 0
  • ↗ 0
  • ★ 0
လူတိုင်းက ကိုယ့်မှာ မရှိတဲ့အရာတွေကို မက်မောတတ်ကြတယ် ဆိုရင်.. ကိုယ်လည်း အဲ့ဒီလူတွေထဲက တစ်ယောက်ပါပဲ ဘဝမှာ.... ဘယ်သူ့ဆီကမှ မရခဲ့ဖူးတဲ့... 'ချစ်ခြင်းမေတ္တာ' နဲ့ 'ဂရုစိုက်မှု' တွေကို ခင်ဗျားဆီက.... ကျွန်တော် အလွန်အမင်း မက်မောမိပါတယ် #myanmarpoetry #ရင်ထဲကမှတ်စု📝📝 #🥺💕🦋 #loneliness #fyp
  • ▶ 337
  • ♥ 9
  • 💬 0
  • ↗ 1
  • ★ 1
ကိုယ့်ရဲ့ အကျင့်ဆိုးက အတွေးလွန်တတ်တာဆိုတာ သူ သိပါတယ်.... ဒါပေမယ့်... အဲ့ဒီအတွေးတွေထဲမှာပဲ ကိုယ်တစ်ယောက်တည်း နစ်မွန်းနေအောင် သူပဲဖန်တီးနေခဲ့တာပါ.. အချစ်ဆိုတာ.... ဘေးကင်းလုံခြုံမှုပေးနိုင်ခြင်းလို့ ထင်ခဲ့ပေမယ့် သူကိုယ့်အတွက်ပေးခဲ့တာကတော့ သောကတွေချည်းပါပဲ... #ရင်ထဲကမှတ်စု📝📝 #myanmarpoetry #fyp #loneliness #🥀🖤
  • ▶ 457
  • ♥ 13
  • 💬 0
  • ↗ 0
  • ★ 0
မင်းဆီက ကိုယ်လိုချင်တဲ့ နွေးထွေးမှုတွေ မရတဲ့အခါ... ဘယ်သူ့ကိုမှ စိတ်မဆိုးတော့ဘူး အားလုံးဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ့်အပြစ်တွေပဲ မင်းရဲ့ စိတ်တိုင်းကျဖြစ်အောင် ကိုယ်က မဖြည့်ဆည်းပေးနိုင်ခဲ့လို့... ကိုယ်ပေးတဲ့ ပျော်ရွှင်မှုတွေက မင်းအတွက် မလုံလောက်ခဲ့လို့ပဲ... မင်း ဒီအတိုင်း နေမြဲတိုင်း နေနေတာလို့ပဲ တွေးလိုက်ပါတယ်... တစ်နေ့နေ့ ကိုယ်မရှိတော့တဲ့အခါ... ကိုယ့်ထက်သာတဲ့သူနဲ့ ဆုံဆည်းပီး မင်းဘက်က အလိုလိုပြောင်းလဲသွားရလောက်တဲ့ထိ မင်းကို ချစ်ပေးမယ့်သူနဲ့ပဲ ဆုံဆည်းခွင့်ရပါစေလို့ ကိုယ်ဆုတောင်းပေးခဲ့တယ်နော်... အချစ် #ရင်ထဲကမှတ်စု📝📝 #fyp #myanmarpoetry #loneliness
  • ▶ 1.1K
  • ♥ 26
  • 💬 0
  • ↗ 0
  • ★ 2
ငါ့ကို မေ့ပစ်ဖို့ အချိန်တစ်ခုပဲ ပေးပါ မင်း ငါ့အပေါ် ရက်စက်နိုင်ခဲ့သလို  ငါလည်း မင်းလို နေနိုင်လာမယ့် ရက်တွေ ရှိလာပါလိမ့်မယ်... ငါ အရင်လို မဟုတ်တော့ဘူးလို့ မတွေးပါနဲ့ နောက်လူတစ်ယောက်ကြောင့်လည်း မဟုတ်ပါဘူး အဖြေက ရိုးရိုးလေးပါ... တစ်ဖက်သတ်ဆန်တဲ့ ဒီအချစ်ကို သယ်ပိုးရတာ ငါ့ပုခုံးတွေ သိပ်လေးလံလာလို့ပါပဲ.... #ရင်ထဲကမှတ်စု📝📝 #fyp #myanmarpoetry #loneliness #ခံစားချက်တွေကို ရင်ဖွင့်ကြမယ်🤧🤧
  • ▶ 917
  • ♥ 22
  • 💬 0
  • ↗ 0
  • ★ 6
နင်လဲ နင့်လမ်းလေး အတိုင်းဆက်လျှောက်ပီး ငါလဲ ငါ့လမ်းလေး အတိုင်းရှေ့ဆက်မယ်ဆိုရင် သေချာနေပီ...... ငါတို့နှစ်ယောက်ရဲ့ အနာဂတ်တွေက တစ်နေ့တစ်ခြား ပိုပီးတော့ ဝေးသွားကြတော့မှာပါ.... #ရင်ထဲကမှတ်စု📝📝 #fyp #myanmarpoetry #loneliness
  • ▶ 992
  • ♥ 28
  • 💬 0
  • ↗ 0
  • ★ 5
စိတ်ကုန်သွားတဲ့ မိန်းမတစ်ယောက်ရဲ့ အေးစက်မှု မိန်းမတွေက စိတ်ဆိုးရင် အော်မယ်၊ ငိုမယ်၊ ရန်ဖြစ်မယ်။အဲ့ဒါက ချစ်နေသေးလို့ပါ။ဒါပေမယ့် တကယ် စိတ်ကုန်သွားတဲ့ တနေ့ကျရင်တော့ သူတို့ ဘာမှ မပြောတော့ဘူး။မျက်ရည်လည်း မကျတော့ဘူး။ မင်း ကြိုက်သလိုသာ လုပ်တော့ဆိုပြီး လွှတ်ထားလိုက်တော့မယ်။အဲ့ဒီ အချိန်က ယောက်ျားတွေအတွက် အပျော်ရွှင်ရဆုံး အချိန်လို့ ထင်ရပေမယ့်၊တကယ်တော့ အကြောက်ရဆုံး အချိန်ပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်ဟာ သူတို့ရဲ့ နှလုံးသားတံခါးကို အပြီးပိတ်လိုက်တဲ့ အချိန်မို့လို့ပါပဲ။အရင်က ဖုန်းဆက်ရင် ဘယ်ရောက်နေလဲ မေးတဲ့သူက၊ အခု ပြန်ချင်တဲ့အချိန်ပြန် ဘာမှ မမေးတော့ဘူး။အဲ့ဒါ လွတ်လပ်ခွင့် ပေးလိုက်တာ မဟုတ်ပါဘူး၊သံယောဇဉ် ဖြတ်လိုက်တာပါ။ မိန်းမတစ်ယောက်ရဲ့ သည်းခံမှုက သားရေကွင်းလိုပါပဲ။ဆွဲဆန့်လို့ ရသလောက် ဆွဲဆန့်ခံပေမယ့်၊ ပြတ်သွားတဲ့ တနေ့ကျရင်တော့ ပြန်ဆက်လို့ မရတော့သလို၊ ပြန်ရိုက်ရင်လည်း အရမ်းနာကျင်ရပါတယ်။ဒါကြောင့် သူတို့ စကားများနေတုန်း၊ ဂရုစိုက်နေတုန်း တန်ဖိုးထားကြပါ။တိတ်ဆိတ်သွားရင် ပြန်ခေါ်လို့ မရတော့ဘူးနော် #သျှင်ယွန်း#crd#ရင်ထဲကမှတ်စု📝📝
  • ▶ 471
  • ♥ 10
  • 💬 0
  • ↗ 0
  • ★ 1
လက်လွှတ်လိုက်ရင် ပြတ်သွားမှာ သိသိကြီးနဲ့... ဆွဲထားရတာ တကယ်ကိုပင်ပန်းပါတယ်🖤#fyp #myanmarpoetry #ရင်ထဲကမှတ်စု📝📝 #loneliness
  • ▶ 1.1K
  • ♥ 17
  • 💬 0
  • ↗ 1
  • ★ 0